Wednesday, March 10, 2010

"ဓါး"

မနေ.က တော.
ပင်လယ် အတွက်
အနားသတ် ကောက်ကြောင်းတွေ
ငါ ဘောင်ခတ် ပစ်လိုက်တယ်
အားလုံးပြီးဆုံးသွားတာပေါ.။။။။။။။။။။။။။

လမ်းမရှိတဲ.တောမှာ
ငါ. ခြေထောက်တွေက နေရာ မရွေ.ချင်တော.ဘူး
၁ ။ ၂။ အော်ပြီး ၃ ။တွေ ၄။ တွေ
ထိုးထိုးကျွေးရတဲ. ဘ၀။။
ရေများရင်တော. ရေနိုင်မယ်....။။။။။။

မနေ.က
သူ.ရင်အုံကို ဖွင်.မိလိုက်တယ်..
မိုက်မဲတဲ. နေခင်းတိုင်းက
မီးထက်တော. ပိုပူမယ်မထင်ဘူး.............
အခွင်.မရှိတိုင်း မ၀င်ရ တဲ..
သံသယ တွေရဲ. နားက
အသံတွေဆီ ဦးတည် နေမှာပါ
ဖြေရှင်းချက်ဆိုတာ ခြေခင်းလက်ခင်းသာတိုင်း
လမ်းဝင် မလျောက်တတ်ဘူး.........လေ

ရိုးသားစွာဝန်ခံခြင်းက
စည်းတွေ အတွက်
ဓါးတလက်လား
ကျွန်တော်.နောက်ကျောကို ဓါးနဲ.ထိုးဖို.
သင်.အား..........၀န်မလေးစေချင်တော.ပါ။။။

Friday, February 5, 2010

ကျွန်တော်သိသော ကဗျာဆိုတာ

တချို. ကဗျာတွေက လေးစားလောက်တယ်
တချို. ကဗျာတွေက ရသမြောက်တယ်
တချို. တချို. ကဗျာတွေကတော.
အပေါစားဆန်တယ်
သိုသော်........
ကဗျာဟာ ကဗျာပါပဲ.....။

တကယ်ဆို
ကဗျာရဲ.အသက်က "ခံစားမှူ"
ရေးသူ ဖတ်သူရဲ. "နားလည်မှု" .....။
ဒီလိုနဲ.
ရသတွေ ထုဆစ်ကြည်.လိုက်တာ
ပျော်ရွှင် ကြေကွဲ ၀မ်းနည်းမှုတွေ လည်း တွေ.ရတယ်။

ခံစားမှုတွေ စီစစ်ကြည်.တော.
ရိုးသားခြင်းတွေလည်း ရှာတွေ.တယ်...။

တကယ်တော.
ကဗျာဟာ ကဗျာပါပဲ။

သစ်ရွက်တစ်ရွက်က
ကဗျာ ဖြစ်နိုင်သလို
ချစ်သူရဲ. မျက်ရည်စက်ကလည်း
ကဗျာတစ်ပုဒ်ပါပဲ
အမုန်းကြောင်. ကဗျာတွေ ထွက်ကျတတ်သလို
အချစ်ကြောင်. ကဗျာတွေ သိုဝှက်ခဲ့ရတယ်။

ဥပက္ခာကြောင်.
ကဗျာတွေ မှုတ်ထုတ်လိုက်ရသလို
အတ္တကြောင်.
ကဗျာတွေ အသက်ဆက်ခဲ.ရတာလည်း ရှိတယ်။
တကယ်တော.
ကဗျာဟာ ကဗျာပါပဲ...။

ကဗျာဆိုတာ
ဟန်ဆောင်မှုကင်းတဲ. ရင်ဘတ်ပြတင်းပေါက်လေး ဖြစ်သလို
အတ္တတွေရဲ့ ရှေ.တန်း စစ်မျက်နှာပြင်လည်း ဟုတ်တယ်။။။။






ဝေမှူးချို

Friday, January 22, 2010

ခံစားမှု့ အပိုဒ်ခွဲ

ခံစားမှု ဆိုတာတော. လူတိုင်းမှာ ရှိတယ်
နားလည်ပြီး ခံစားပေးဖို.လား??
ယောင်ပြီးတော.တောင် မမေးဖြစ်ဘူး
ငါ. အတွက်ဆို. .....
နင်. ရင်ဘတ် အခြမ်းက
ဟင်းလင်းပွင်. နံရံ တွေပဲ ရှိတယ်
ဒီလိုလား
ဒါပေမယ်.
အဲဒီ
အခွံ ဗလာကိုမှ
ငါလို တေလေကောင်ကလည်း
မျှော်ကိုး ချင်သေးသကိုး
ဒါလား
ယုန်ထင် ကြောင်ထင် ဖြစ်ရအောင်
ငါဆိုတာက မုဆိုးမဟုတ် သားကောင်မဟုတ်
ငါ ဆိုတာ ငါ
ခံစားတတ်သမျှ
တွေဝေ တတ်တယ်
နာကြည်း တတ်သမျှ
ရင်နာတတ်တယ်
ဒါပေမယ်.ပေါ. ငါ.ချစ်သူရာ

ဒါပေမယ်. က ဒါပေမမယ်.ဘူး

ရက်စက်တယ်ဆိုတာ
အတိုင်းအတာတခုထိပဲလို. ဆိုကြ တယ်
ဒါပေမယ်.တွေက
ဒါ ပေ မ မယ်. ပြန်ဘူး
ကျေးဇူးပြီပြီး
ငါ ချစ်တာကိုတော. ဘောင်မခတ်စမ်းနဲ.ဟာ

ငါ.ရင်ထဲက
အချစ် ဆိုတာ ..........
မိုင်တိုင်တွေ ဘယ်လောက်ခြားခြား
နံရံတွေ ထူထူ ပါးပါး
အကြား ၊အမြင် ၊အထိ ၊အတွေ.
အဲဒါတွေမလိုပါဘူး
ဆုံဆည်းခြင်း ကွေကွင်းခြင်း
ရှင် ကွဲ ခြင်း
ခေါင်းစဉ်တွေ မရှိလည်းနေစမ်းပါ
နားနဲ.မနာနိုင်လည်း ရင်နဲ.နာလိမ်.မှာပေါ.
ဟုတ်ဘူးလား



သင်ကြိုက်သလို ရက်စက်နိုင်သည်
ပုံ
ဝေမှုးချို
ခေတ္တ (လူဟုခေါ်ဆိုသော လူတို.နေထိုင်ရာဒေသ)

Friday, January 15, 2010

အလကားလူရဲ. စကား

အချစ်က
လူတွင်ကျယ်လုပ်ဖို. လိုလား
လူကြားသူကြား အသံတွေမှာ
ငါ ပါဝင်ဖို. ခက်တယ်
ထမင်းသိုး ဟင်းသိုး လူပါ
ထားရာ နေတယ်
စေရာ သွားတတ်တယ်
ပြီးတော.....
ငါ နင်.ကို အရမ်းချစ်တယ်

စာမျက်နှာပေါ်က စာကားသံတွေလား
နှလုံးသားပေါ်က စာမျက်နှာတွေလား
နင်. ဇယားတွေက နားခါးလိုက်တာဟာ
စိတ် ဆိုတာ
အလိုလိုက်တိုင်း သွားတတ်တာမျိုးလား
အဟက် .........
ငါက ထမင်းသိုး ဟင်းသိုး လူပါ

ဒါပေမယ်.
ငါ နင်.ကို ချစ်တယ်

ကစားပွဲလား စကားပွဲလား
တရားသဖြင်တွေ မလိုပါဘူး
အရှုံးလား အနိုင်လား
ထမင်းရည်ပူလောင်သွားလား
ငါ က ထမင်းသိုးဟင်းသိုးလူပါ
အလားကားပဲတင်းလူပေမယ်.
ငါလည်း ခွေးရူးလုပ် တတ်ပါတယ်
အဟက်
ငါက
ထမင်းသိုး ဟင်းသိုးလူပါ ။။ (နင်.အတွက်လား)
ဝေမှူးချို ( မနက်ဖြန် အတွက် အမှတ်တရပါ ငါ.ချစ်သူ :'( ...........)

စိမ်း

စိမ်း


ရည်းစားဦးလေး
ကျောခိုင်းတုန်းကလည်း

ငါ.ရဲ. တမ်းတခြင်းဟာ နေ.မြင် ညပျောက်

အချစ် ............... ခံစားမှု..... .........အလွမ်း .....တဲ.လား

ထမင်းစား ရေသောက် အလုပ်ကမှ
ငါ. လောကအတွက်
တကယ်. စွန်.စားခန်းတစ်ခုလေ။။။။

နောင် မနက်ဗိုက်ဖေါင်းဖို. ဆိုတာ.........
ငါ. ညနေတွေ စိတ် ပြောင်းသင်.ရင် ပြောင်းမယ်
လောကဟာ
လောကဓံတရားတွေနဲ. နေသားတကျရှိနေတယ်
ကြေလွယ် ကွဲလွယ် ငါ. ရင်ဘတ်လေးက
တစ်ခန်းရပ် သင်ခန်းစာတွေ များတယ်

ဒေါက်.......ဒေါက် ........ဒေါက်...

နှလုံးသားကို တခါးခေါက်တဲ.လက်က
ငါ. ရင်မှာမှ ပန်းလာပွင်.တယ်
အစိမ်းဆုံး လန်းဖို.
ရေလောင်းပေါင်းသင်စရာမလိုဘူး
အချစ်ဆိုတာ
အလေ.ကျပေါက်ပင် တစ်မျိုး
အလန်းဆန်းဆုံး စိမ်းတတ်တယ် ။။။။။။။။။။။။။။။။။။။။။


ဝေမှူးချို ( ၅.၁.၂၀၁၀)

Saturday, January 2, 2010

ချစ်ခြင်းရဲ. ၀န်ဆောင်မှု မဟုတ်ဘူးနော်




ညနက်ပါတယ် ဆိုမှ
ဘ၀က မီး ခဏခဏ ပျက်တယ်။

တစ်ဘ၀စာ ဖိတ်စင်ခဲ.တာတောင်
`ရေနစ်သူမို. ၀ါးကူထိုးချင်သတဲ.´
နေထိုင်ရတဲ. လူ.စရိုက်ကိုက
ရိုးသားမှူနဲ. မထိုက်တာ............။

ကျွန်တော်က
နာကျင်မှုတွေ ခြေရာချင်းထပ်ခဲ.တာတောင်
`နောင်တ ´က ပြီးလွယ်စီးလွယ် နိုင်တယ်။

အခု
ရင်ထဲမှာ မွန်းကျပ်နေတယ်
ထွက်ပေါက်တွေ မဲ.နေတယ်
သတိရစိတ်က
အသက်ရှူလိုက်တိုင်း အရှိုက်ကို ထိတယ်။

မြတ်နိုးခဲ.ရတဲ.
လေကောင်းလေသန်.လေးက
တဘ၀စာ အတွက် စားနပ်ရိက္ခာ။။။။။။။။။

ပေးခဲ.တဲ.နွေးထွေးမှုက
ရေအရင်းအမြစ်လို
ဘ၀မှာ မရှိမဖြစ်လိုအပ်ဖူးတယ်။။။။။။။။။။။

တကယ်တမ်းချန်ရစ်ခဲ.တာ
နားလည်မှုနဲ. နွေးထွေးမှု
ချစ်ခြင်းရဲ. ၀န်ဆောင်မှူတော. မဟုတ်ခဲ.ဘူးနော်။။။။။

ဝေမှူးချို

I can love as much as I can.





မြို.ပြလမ်းမပေါ်က ကောင်လေးတစ်ယောက်
ဘ၀ကို အိပ်သွန်ဖာမှောက် ချစ်တက်သလိုမျိုး
ငါ---------နင်.ကို
လွန်လွန်ကျူးကျူး ချစ်တယ်။

ငါက------
အလွမ်းနံ နည်းနည်းရတာနဲ.တင်
ကိုယ် အဖူးအပွင်.တွေ ချိုးချိုး ဖဲ.ဖဲ.

နင်နဲ.မဆုံတိုင်း -------
ငါ ဘာကိုမှ နင်.နင်. နဲနဲ မရှိတတ်တော.
ငါ.
အရွက်အကိုင်း တွေလဲ
ရောက်ချင်ရာ ရောက်နေကြပေါ.

ချစ်သူရေ -----
နင်ကတော.
မျှော်တလင်.လင်. ငေးကြည်.နေမယ်
တိမ်ခိုး တွေလို ခူးခြွေ နင်းလျှောက်
တစ်မိုးသောက်တိုင်း ဆက်ပွင်.နေမှာ သချာပါတယ်။ ။


ဝေမှူးချို