Saturday, January 2, 2010

ချစ်ခြင်းရဲ. ၀န်ဆောင်မှု မဟုတ်ဘူးနော်




ညနက်ပါတယ် ဆိုမှ
ဘ၀က မီး ခဏခဏ ပျက်တယ်။

တစ်ဘ၀စာ ဖိတ်စင်ခဲ.တာတောင်
`ရေနစ်သူမို. ၀ါးကူထိုးချင်သတဲ.´
နေထိုင်ရတဲ. လူ.စရိုက်ကိုက
ရိုးသားမှူနဲ. မထိုက်တာ............။

ကျွန်တော်က
နာကျင်မှုတွေ ခြေရာချင်းထပ်ခဲ.တာတောင်
`နောင်တ ´က ပြီးလွယ်စီးလွယ် နိုင်တယ်။

အခု
ရင်ထဲမှာ မွန်းကျပ်နေတယ်
ထွက်ပေါက်တွေ မဲ.နေတယ်
သတိရစိတ်က
အသက်ရှူလိုက်တိုင်း အရှိုက်ကို ထိတယ်။

မြတ်နိုးခဲ.ရတဲ.
လေကောင်းလေသန်.လေးက
တဘ၀စာ အတွက် စားနပ်ရိက္ခာ။။။။။။။။။

ပေးခဲ.တဲ.နွေးထွေးမှုက
ရေအရင်းအမြစ်လို
ဘ၀မှာ မရှိမဖြစ်လိုအပ်ဖူးတယ်။။။။။။။။။။။

တကယ်တမ်းချန်ရစ်ခဲ.တာ
နားလည်မှုနဲ. နွေးထွေးမှု
ချစ်ခြင်းရဲ. ၀န်ဆောင်မှူတော. မဟုတ်ခဲ.ဘူးနော်။။။။။

ဝေမှူးချို

No comments:

Post a Comment