Friday, January 22, 2010

ခံစားမှု့ အပိုဒ်ခွဲ

ခံစားမှု ဆိုတာတော. လူတိုင်းမှာ ရှိတယ်
နားလည်ပြီး ခံစားပေးဖို.လား??
ယောင်ပြီးတော.တောင် မမေးဖြစ်ဘူး
ငါ. အတွက်ဆို. .....
နင်. ရင်ဘတ် အခြမ်းက
ဟင်းလင်းပွင်. နံရံ တွေပဲ ရှိတယ်
ဒီလိုလား
ဒါပေမယ်.
အဲဒီ
အခွံ ဗလာကိုမှ
ငါလို တေလေကောင်ကလည်း
မျှော်ကိုး ချင်သေးသကိုး
ဒါလား
ယုန်ထင် ကြောင်ထင် ဖြစ်ရအောင်
ငါဆိုတာက မုဆိုးမဟုတ် သားကောင်မဟုတ်
ငါ ဆိုတာ ငါ
ခံစားတတ်သမျှ
တွေဝေ တတ်တယ်
နာကြည်း တတ်သမျှ
ရင်နာတတ်တယ်
ဒါပေမယ်.ပေါ. ငါ.ချစ်သူရာ

ဒါပေမယ်. က ဒါပေမမယ်.ဘူး

ရက်စက်တယ်ဆိုတာ
အတိုင်းအတာတခုထိပဲလို. ဆိုကြ တယ်
ဒါပေမယ်.တွေက
ဒါ ပေ မ မယ်. ပြန်ဘူး
ကျေးဇူးပြီပြီး
ငါ ချစ်တာကိုတော. ဘောင်မခတ်စမ်းနဲ.ဟာ

ငါ.ရင်ထဲက
အချစ် ဆိုတာ ..........
မိုင်တိုင်တွေ ဘယ်လောက်ခြားခြား
နံရံတွေ ထူထူ ပါးပါး
အကြား ၊အမြင် ၊အထိ ၊အတွေ.
အဲဒါတွေမလိုပါဘူး
ဆုံဆည်းခြင်း ကွေကွင်းခြင်း
ရှင် ကွဲ ခြင်း
ခေါင်းစဉ်တွေ မရှိလည်းနေစမ်းပါ
နားနဲ.မနာနိုင်လည်း ရင်နဲ.နာလိမ်.မှာပေါ.
ဟုတ်ဘူးလား



သင်ကြိုက်သလို ရက်စက်နိုင်သည်
ပုံ
ဝေမှုးချို
ခေတ္တ (လူဟုခေါ်ဆိုသော လူတို.နေထိုင်ရာဒေသ)

Friday, January 15, 2010

အလကားလူရဲ. စကား

အချစ်က
လူတွင်ကျယ်လုပ်ဖို. လိုလား
လူကြားသူကြား အသံတွေမှာ
ငါ ပါဝင်ဖို. ခက်တယ်
ထမင်းသိုး ဟင်းသိုး လူပါ
ထားရာ နေတယ်
စေရာ သွားတတ်တယ်
ပြီးတော.....
ငါ နင်.ကို အရမ်းချစ်တယ်

စာမျက်နှာပေါ်က စာကားသံတွေလား
နှလုံးသားပေါ်က စာမျက်နှာတွေလား
နင်. ဇယားတွေက နားခါးလိုက်တာဟာ
စိတ် ဆိုတာ
အလိုလိုက်တိုင်း သွားတတ်တာမျိုးလား
အဟက် .........
ငါက ထမင်းသိုး ဟင်းသိုး လူပါ

ဒါပေမယ်.
ငါ နင်.ကို ချစ်တယ်

ကစားပွဲလား စကားပွဲလား
တရားသဖြင်တွေ မလိုပါဘူး
အရှုံးလား အနိုင်လား
ထမင်းရည်ပူလောင်သွားလား
ငါ က ထမင်းသိုးဟင်းသိုးလူပါ
အလားကားပဲတင်းလူပေမယ်.
ငါလည်း ခွေးရူးလုပ် တတ်ပါတယ်
အဟက်
ငါက
ထမင်းသိုး ဟင်းသိုးလူပါ ။။ (နင်.အတွက်လား)
ဝေမှူးချို ( မနက်ဖြန် အတွက် အမှတ်တရပါ ငါ.ချစ်သူ :'( ...........)

စိမ်း

စိမ်း


ရည်းစားဦးလေး
ကျောခိုင်းတုန်းကလည်း

ငါ.ရဲ. တမ်းတခြင်းဟာ နေ.မြင် ညပျောက်

အချစ် ............... ခံစားမှု..... .........အလွမ်း .....တဲ.လား

ထမင်းစား ရေသောက် အလုပ်ကမှ
ငါ. လောကအတွက်
တကယ်. စွန်.စားခန်းတစ်ခုလေ။။။။

နောင် မနက်ဗိုက်ဖေါင်းဖို. ဆိုတာ.........
ငါ. ညနေတွေ စိတ် ပြောင်းသင်.ရင် ပြောင်းမယ်
လောကဟာ
လောကဓံတရားတွေနဲ. နေသားတကျရှိနေတယ်
ကြေလွယ် ကွဲလွယ် ငါ. ရင်ဘတ်လေးက
တစ်ခန်းရပ် သင်ခန်းစာတွေ များတယ်

ဒေါက်.......ဒေါက် ........ဒေါက်...

နှလုံးသားကို တခါးခေါက်တဲ.လက်က
ငါ. ရင်မှာမှ ပန်းလာပွင်.တယ်
အစိမ်းဆုံး လန်းဖို.
ရေလောင်းပေါင်းသင်စရာမလိုဘူး
အချစ်ဆိုတာ
အလေ.ကျပေါက်ပင် တစ်မျိုး
အလန်းဆန်းဆုံး စိမ်းတတ်တယ် ။။။။။။။။။။။။။။။။။။။။။


ဝေမှူးချို ( ၅.၁.၂၀၁၀)

Saturday, January 2, 2010

ချစ်ခြင်းရဲ. ၀န်ဆောင်မှု မဟုတ်ဘူးနော်




ညနက်ပါတယ် ဆိုမှ
ဘ၀က မီး ခဏခဏ ပျက်တယ်။

တစ်ဘ၀စာ ဖိတ်စင်ခဲ.တာတောင်
`ရေနစ်သူမို. ၀ါးကူထိုးချင်သတဲ.´
နေထိုင်ရတဲ. လူ.စရိုက်ကိုက
ရိုးသားမှူနဲ. မထိုက်တာ............။

ကျွန်တော်က
နာကျင်မှုတွေ ခြေရာချင်းထပ်ခဲ.တာတောင်
`နောင်တ ´က ပြီးလွယ်စီးလွယ် နိုင်တယ်။

အခု
ရင်ထဲမှာ မွန်းကျပ်နေတယ်
ထွက်ပေါက်တွေ မဲ.နေတယ်
သတိရစိတ်က
အသက်ရှူလိုက်တိုင်း အရှိုက်ကို ထိတယ်။

မြတ်နိုးခဲ.ရတဲ.
လေကောင်းလေသန်.လေးက
တဘ၀စာ အတွက် စားနပ်ရိက္ခာ။။။။။။။။။

ပေးခဲ.တဲ.နွေးထွေးမှုက
ရေအရင်းအမြစ်လို
ဘ၀မှာ မရှိမဖြစ်လိုအပ်ဖူးတယ်။။။။။။။။။။။

တကယ်တမ်းချန်ရစ်ခဲ.တာ
နားလည်မှုနဲ. နွေးထွေးမှု
ချစ်ခြင်းရဲ. ၀န်ဆောင်မှူတော. မဟုတ်ခဲ.ဘူးနော်။။။။။

ဝေမှူးချို

I can love as much as I can.





မြို.ပြလမ်းမပေါ်က ကောင်လေးတစ်ယောက်
ဘ၀ကို အိပ်သွန်ဖာမှောက် ချစ်တက်သလိုမျိုး
ငါ---------နင်.ကို
လွန်လွန်ကျူးကျူး ချစ်တယ်။

ငါက------
အလွမ်းနံ နည်းနည်းရတာနဲ.တင်
ကိုယ် အဖူးအပွင်.တွေ ချိုးချိုး ဖဲ.ဖဲ.

နင်နဲ.မဆုံတိုင်း -------
ငါ ဘာကိုမှ နင်.နင်. နဲနဲ မရှိတတ်တော.
ငါ.
အရွက်အကိုင်း တွေလဲ
ရောက်ချင်ရာ ရောက်နေကြပေါ.

ချစ်သူရေ -----
နင်ကတော.
မျှော်တလင်.လင်. ငေးကြည်.နေမယ်
တိမ်ခိုး တွေလို ခူးခြွေ နင်းလျှောက်
တစ်မိုးသောက်တိုင်း ဆက်ပွင်.နေမှာ သချာပါတယ်။ ။


ဝေမှူးချို

ရင်ဘတ်နဲ. ရင်းတဲ...............

ရင်ဘတ်နဲ.ရင်းထားတယ်
ဝေဒနာစစ်စစ်နဲ. ချစ်ခြင်းတွေက အပြည်.
အလွမ်းတွေ နှမ်းဖြူးပေးပြီး
အနာဂတ်အတွက်
အိမ်မက်တွေကို အဆစ်ထည်.ပေးထားတယ်

အပေါ. အငန်တော.
ခင်ဗျားတို.ဝေဖန်ကြည်.ပေါ့
ဒီအတွက်တော.
ကျေးဇူးတင်တယ်
စားသုံးသူအကြိုက်တော.
ဖြစ်ချင်မှ ဖြစ်မယ်
ကျုပ်က
အလိုက်အထိုက်တော.မဆက်ဆံတတ်ဘူးနော်

ဈေးတော.လာမဆစ်နဲ.ဗျာ
အမြတ်ကြည်.ပြီး
အရောင်းအ၀ယ်လုပ်ရအောင်
ဒါ .......
ကျုပ်ရဲ. နှလုံးသားဈေးကွက် မဟုတ်ဘူး

ဈေးတွက်မတွက်နဲ.ဗျာ
ခင်ဗျားဘက်က ခံစားတတ်တဲ.နှလုံးသား နဲ.သာ လာခဲ.
ဒါ........
ကျုပ်တို.ရင်ဘတ်နဲ.ရင်းထားတဲ.
မျက်ရည်တွေ ၊ အပြုံးတွေ
ဘ၀အမောပြေလေးတွေ
ဒါ .......
ကျုပ်တို.ရင်နဲ.ရင်းထားတဲ.
အနုပညာပြခန်း
မျက်ရည်စတွေနဲ.လည်းပြုံးပြတတ်ပါတယ်ဗျ။ ။

ဝေမှူးချို

ချစ်သူအတွက်အမှတ်တရ

လမ်းဆိုတာ သွားဖို.
ဒါဆို...........
အချစ်က လွမ်းဖို.များလား
လမ်းသွားရင်း လွမ်းရတာလောက်တော.
ဘယ်ဂီတမှ လိုက်မှီ နိုင်မှာမဟုတ်ဘူး။။။

။။။။။။။။ညီမလေးရေ ။။။။။။။။။။။။။။
ဒါ ............အလွမ်းရင်.ရင်.တွေပါကွယ်
အသံတဆုံး ပြေးကြည်.လို.ရတဲ.
မြင်ကွင်းကျယ်မှ မဟုတ်တာ ။

ရင်ထဲဝင်မယ်. မြစ်တစင်းမှာလည်း
ဘောင်ဘင်ခတ်တဲ. လှိုင်းတွေ ရှိတတ်ပါတယ်။

ဘ၀ဆိုတာ ရှိနေသရွေ.
မျော်လင်.ခြင်းတွေလည်း ရှိနေတယ်
ဘယ်သူတွေကရော
ကံကြမ္မာ အလှည်.အပြောင်းကို
ကြိုသိကြလို.လဲ။။။

ညီမလေးရေ
ခုတလော အိမ်ပြန်ချင်စိတ်က
မျှားတိုင်းမိတော.ခက်တယ်။။။
စိတ်က ဂျက်ပစိတကောင်လို
အငွေ. အသက်နဲ.တောင်
ငါတို.တွေ လွမ်းတတ်ပါတယ်ကွယ်။။။။။။။။
ညီမလေးရေ ။။။။။။။။။။။။
လွမ်းတယ်

မှတ်ချက် ။။။။။။ ချစ်သူကိုယ်စားလွမ်းပေးတာနော်

ဝေမှူးချို

ရွက်ကြွေတော ပုံပြင်

အရွက်တွေ အကြွေများတယ်
အလွမ်းတွေ ခြွေချသွားပုံမျိုး .............

မောင်......... ရေ
အလွမ်းတွေ အသက်ဆက်ဖို.
ငါတို. နှလုံးသွေးစက်တွေ
နောက်ပြန် စီးဆင်းကြစို.ကွာ
အဲဒီ လေထဲမှာ
ငြိမ်းချမ်းရေး ရနံတွေနဲ.
ခရေ တွေ ဝေနေပြန်ပြီ

ရိုးသားခြင်းက
လူမြင်ကောင်းရုံ ပျက်လုံးတပုဒ်လိုပဲ
အားနည်းချက် ရှာနင်းတတ်သူကြီးအတွက်တော.
အမြင်.တတ်လှေကားလို ဆေးဘက် ၀င်ကောင်းဝင်ရဲ.

မောင် ရေ
ဆက်လက်ရိုးသားကြစို.ကွဲ.နော်။။။

ဒီနေရာမှာ
မာနက အစာအာဟာရချို.တဲ.နေပြန်တယ်

ဒီနေရာမှာ
တစ်ယောက်နှလုံးသားတစ်ယောက် ငဲ.ကွက်ရင်း

ဒီနေရာမှာ
တစ်ယောက် အတ္တ တွေ တစ်ယောက်မျိုချရင်း

ဒီနေရာမှာ
ဘာပဲပြောပြော ဒီနေရာမှာ
ငါတို. မနက်ခင်းရဲ.
ကော်ဖီ ခပ်ပြင်းပြင်းထက် တော. ပိုရွေ.ကောင်းမယ်မထင်ပါ။။။။။။။။။။။။။။။။။။။။။

ဝေမှူးချို

အလွမ်း ပန်းရိုင်းရှိက်သံ

ဒီအလွမ်းတွေက
ရင်ထဲကမှန်းတော.သိတယ်
တကမ်းလုံး ညွတ်အောင်ပွင်.ဖူးပြီးမှတော.
ဘယ်သူ.အတွက်ရယ်းးးးးးးးးးးးးရည်စူးရအုန်းမှာလား
ဦးတည်ချက်တွေက ကမ်းမမြင် လမ်းမမြင်
ငါက ပင်လယ်ပြင်မှာမှ
အလွမ်းကိုမျိုးစေ.ချခဲ.သူ။။။။။။။။။။။။။။။

လူတွေဟာ
အစွန်းနှစ်ဘက်က အတ္တတွေနဲ.
ရသလောက် ကို လိုအပ်နေကြတယ်
ဆုတောင်းတွေ ပေးကြတယ်

ကျမ်းမာပါစေ။။ ပျော်ရွှင်ပါစေ။။
ကံတွေကောင်းပါစေ ။။။။။ စသဖြင်. စသည်ဖြင်......

အနှစ်မပါတဲ. ပျက်လုံးဟာ
အနှစ်မပါတဲ. ရယ်သံကိုပဲရမယ်လေ

ဘာတွေများနောက်ထပ်လိုချင်သေးလို.လဲ။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ရင်ထဲက လာတဲ. ဂီတသံဟာ
ဘယ်ကမ်းကိုများ လွမ်းနေသေးလည်း။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
နေကောင်းအောင်နေနော် ။။။ ဂရုစိုက်နော်
လာပြန်ပြီဗျာ။။ မကြားချင်အဆုံး
အပ်ကြောင်းထပ် ရေရွတ်သံတွေ

မြင်အောင်ကြည်.နော်
ရင်ခုန်သံ ကောက်ကြောင်းဟာ နင်မှနင်
မင်းမှမင်း ။။။။ နားထားတော.ဗျာ
ထွင်လုံးတွေ ချော.လုံးတွေ
ပုံစံထပ် ပျက်လုံးတွေ

လိုအပ်နေတာ
အဲဒီရင်ဘတ်ထဲက လာတဲ. ခပ်နွမ်းနွမ်းပန်း ဆိုလည်းဖြစ်တယ်။။။
ငါက ဝေစားမျှစားဘ၀တွေကို
ခါးသက်နေတဲ.သူလေ
ကြွေမယ်မှန်းသိရင် စကတည်းက မဝေခဲ.ဘူးပေါ့
အလေ.ကျပန်းလည်း
အလွမ်းတွေ ပွင်.ဖူးတတ်ပါတယ်ဗျာ ။။။။။။။။။။။။။

ဝေမှူးချို

“သံသယ”

ရှူရှိုက်ခွင်. ရခဲ.တာ
မျှော်လင်.ခြင်း ရနံတွေ .............. ။
ဒီကောင်းကင်တစ်ရိုး
အငြိုးနဲ. မိုးတဲ. “တိမ်”
အံကြိတ်ပြီး ခြိမ်းတယ်

မနေ.က အတိတ်က ဒီနေ.အတွက် အရိပ်တွေလေ
နောက်တစ်ခါ မှန်မယ်. “ခဲ” ကအချိန်မရွေးဘူး
ဒုက္ခတွေနဲ. နှလုံးသားက
ခဏ သေဘူးပြီးပြီ

နာကျင်မှူတွေလား
နင် ပြန်တူးဆွလိုက်တိုင်း
ငါတို.အတွက်တော.
သံသယ ဆိုတာ မုန်တိုင်းဒီရေ လိုပဲ.........

“ငါ” ဆိုတာ
အမြဲတမ်း ............ အငြင်းခံရတယ်
အမြဲတမ်း ............ လွဲချောခံရတယ်
အမြဲတမ်း ............ မှောင်မိုက်ခံရတယ်

မှိုတတ်နေတဲ. အိတ်ကပ် ထဲမှာ
မနက်ဖြန်ဆိုတာ
အိပ်ရာဝင်ပုံပြင်တစ်ပုဒ်လို
၁ ... ၂.....၃
မရေတွက်ပဲ မုန်းခဲ.တာလည်း အကြိမ်ကြိမ်။။။။။။။။။။။။။။။။။။။။။။

ဝေမှူးချို

ဒီလိုပါပဲ

အခက်အခဲဟာ ညစာတစ်မျိုးတဲ.လား
ဒီလို လက်ခံတတ်လို.
မင်း .. ဒီလို ရပ်တည်နိုင်ခဲ.တာလား
အလိုမကျမှုတွေ ဖဲ.ဖဲ.ထုတ်တိုင်း
@@@@@@@@@@@@@@@@

“လွမ်းလိုက်တာဟာ” ဆိုတဲ.
စကားတွေ မျိုချ
“ညက အိပ်မပျော်ဘူးဟာ” ဆိုတဲ.
စကားတွေ မျိုချ
“မောင် ဆေးလိပ်တွေ လျော.သောက်နော်” ဆိုတဲ.
အကြင်နာတွေ မျိုချ
“စာ ၀တ် နေ ရေး ” အတွက်
ရှိုက်သံတွေ မျိုချ
ပြီးတော.
“ချစ်ခြင်း” တွေ
အခါခါ မျိုချ
................................၊

ဒီလိုပါပဲ ................ ဘ၀ ဆိုတာ
မယ်တင် သီချင်းလောက်တောင်ဆိုလို.မကောင်းဘူး

ဒီလိုပါပဲ
တစ်ယောက်အတွေး ........တစ်ယောက်ငေးကြည်.ရင်း
အချိန်ဆိုတာ
ကိုယ်တိုင် တိုက်စားခံရတဲ. နောင်တ တွေလိုပဲ။။။။

ဒီလိုပါပဲဟာ..............
တစ်ကိုယ်တော်အတွေးနဲ.
ကိုယ်.ကမ္ဘာတစ်ခုလုံး ခြေချစရာ
မြေကြီးတောင် တော်တော်နည်းနေပြီ။။။။။။။။။။။။။။။။။။

ဝေမှူးချို