Saturday, January 2, 2010

ရွက်ကြွေတော ပုံပြင်

အရွက်တွေ အကြွေများတယ်
အလွမ်းတွေ ခြွေချသွားပုံမျိုး .............

မောင်......... ရေ
အလွမ်းတွေ အသက်ဆက်ဖို.
ငါတို. နှလုံးသွေးစက်တွေ
နောက်ပြန် စီးဆင်းကြစို.ကွာ
အဲဒီ လေထဲမှာ
ငြိမ်းချမ်းရေး ရနံတွေနဲ.
ခရေ တွေ ဝေနေပြန်ပြီ

ရိုးသားခြင်းက
လူမြင်ကောင်းရုံ ပျက်လုံးတပုဒ်လိုပဲ
အားနည်းချက် ရှာနင်းတတ်သူကြီးအတွက်တော.
အမြင်.တတ်လှေကားလို ဆေးဘက် ၀င်ကောင်းဝင်ရဲ.

မောင် ရေ
ဆက်လက်ရိုးသားကြစို.ကွဲ.နော်။။။

ဒီနေရာမှာ
မာနက အစာအာဟာရချို.တဲ.နေပြန်တယ်

ဒီနေရာမှာ
တစ်ယောက်နှလုံးသားတစ်ယောက် ငဲ.ကွက်ရင်း

ဒီနေရာမှာ
တစ်ယောက် အတ္တ တွေ တစ်ယောက်မျိုချရင်း

ဒီနေရာမှာ
ဘာပဲပြောပြော ဒီနေရာမှာ
ငါတို. မနက်ခင်းရဲ.
ကော်ဖီ ခပ်ပြင်းပြင်းထက် တော. ပိုရွေ.ကောင်းမယ်မထင်ပါ။။။။။။။။။။။။။။။။။။။။။

ဝေမှူးချို

No comments:

Post a Comment