Saturday, January 2, 2010

ဒီလိုပါပဲ

အခက်အခဲဟာ ညစာတစ်မျိုးတဲ.လား
ဒီလို လက်ခံတတ်လို.
မင်း .. ဒီလို ရပ်တည်နိုင်ခဲ.တာလား
အလိုမကျမှုတွေ ဖဲ.ဖဲ.ထုတ်တိုင်း
@@@@@@@@@@@@@@@@

“လွမ်းလိုက်တာဟာ” ဆိုတဲ.
စကားတွေ မျိုချ
“ညက အိပ်မပျော်ဘူးဟာ” ဆိုတဲ.
စကားတွေ မျိုချ
“မောင် ဆေးလိပ်တွေ လျော.သောက်နော်” ဆိုတဲ.
အကြင်နာတွေ မျိုချ
“စာ ၀တ် နေ ရေး ” အတွက်
ရှိုက်သံတွေ မျိုချ
ပြီးတော.
“ချစ်ခြင်း” တွေ
အခါခါ မျိုချ
................................၊

ဒီလိုပါပဲ ................ ဘ၀ ဆိုတာ
မယ်တင် သီချင်းလောက်တောင်ဆိုလို.မကောင်းဘူး

ဒီလိုပါပဲ
တစ်ယောက်အတွေး ........တစ်ယောက်ငေးကြည်.ရင်း
အချိန်ဆိုတာ
ကိုယ်တိုင် တိုက်စားခံရတဲ. နောင်တ တွေလိုပဲ။။။။

ဒီလိုပါပဲဟာ..............
တစ်ကိုယ်တော်အတွေးနဲ.
ကိုယ်.ကမ္ဘာတစ်ခုလုံး ခြေချစရာ
မြေကြီးတောင် တော်တော်နည်းနေပြီ။။။။။။။။။။။။။။။။။။

ဝေမှူးချို

No comments:

Post a Comment