Friday, January 22, 2010

ခံစားမှု့ အပိုဒ်ခွဲ

ခံစားမှု ဆိုတာတော. လူတိုင်းမှာ ရှိတယ်
နားလည်ပြီး ခံစားပေးဖို.လား??
ယောင်ပြီးတော.တောင် မမေးဖြစ်ဘူး
ငါ. အတွက်ဆို. .....
နင်. ရင်ဘတ် အခြမ်းက
ဟင်းလင်းပွင်. နံရံ တွေပဲ ရှိတယ်
ဒီလိုလား
ဒါပေမယ်.
အဲဒီ
အခွံ ဗလာကိုမှ
ငါလို တေလေကောင်ကလည်း
မျှော်ကိုး ချင်သေးသကိုး
ဒါလား
ယုန်ထင် ကြောင်ထင် ဖြစ်ရအောင်
ငါဆိုတာက မုဆိုးမဟုတ် သားကောင်မဟုတ်
ငါ ဆိုတာ ငါ
ခံစားတတ်သမျှ
တွေဝေ တတ်တယ်
နာကြည်း တတ်သမျှ
ရင်နာတတ်တယ်
ဒါပေမယ်.ပေါ. ငါ.ချစ်သူရာ

ဒါပေမယ်. က ဒါပေမမယ်.ဘူး

ရက်စက်တယ်ဆိုတာ
အတိုင်းအတာတခုထိပဲလို. ဆိုကြ တယ်
ဒါပေမယ်.တွေက
ဒါ ပေ မ မယ်. ပြန်ဘူး
ကျေးဇူးပြီပြီး
ငါ ချစ်တာကိုတော. ဘောင်မခတ်စမ်းနဲ.ဟာ

ငါ.ရင်ထဲက
အချစ် ဆိုတာ ..........
မိုင်တိုင်တွေ ဘယ်လောက်ခြားခြား
နံရံတွေ ထူထူ ပါးပါး
အကြား ၊အမြင် ၊အထိ ၊အတွေ.
အဲဒါတွေမလိုပါဘူး
ဆုံဆည်းခြင်း ကွေကွင်းခြင်း
ရှင် ကွဲ ခြင်း
ခေါင်းစဉ်တွေ မရှိလည်းနေစမ်းပါ
နားနဲ.မနာနိုင်လည်း ရင်နဲ.နာလိမ်.မှာပေါ.
ဟုတ်ဘူးလား



သင်ကြိုက်သလို ရက်စက်နိုင်သည်
ပုံ
ဝေမှုးချို
ခေတ္တ (လူဟုခေါ်ဆိုသော လူတို.နေထိုင်ရာဒေသ)

No comments:

Post a Comment