Saturday, January 2, 2010

ရင်ဘတ်နဲ. ရင်းတဲ...............

ရင်ဘတ်နဲ.ရင်းထားတယ်
ဝေဒနာစစ်စစ်နဲ. ချစ်ခြင်းတွေက အပြည်.
အလွမ်းတွေ နှမ်းဖြူးပေးပြီး
အနာဂတ်အတွက်
အိမ်မက်တွေကို အဆစ်ထည်.ပေးထားတယ်

အပေါ. အငန်တော.
ခင်ဗျားတို.ဝေဖန်ကြည်.ပေါ့
ဒီအတွက်တော.
ကျေးဇူးတင်တယ်
စားသုံးသူအကြိုက်တော.
ဖြစ်ချင်မှ ဖြစ်မယ်
ကျုပ်က
အလိုက်အထိုက်တော.မဆက်ဆံတတ်ဘူးနော်

ဈေးတော.လာမဆစ်နဲ.ဗျာ
အမြတ်ကြည်.ပြီး
အရောင်းအ၀ယ်လုပ်ရအောင်
ဒါ .......
ကျုပ်ရဲ. နှလုံးသားဈေးကွက် မဟုတ်ဘူး

ဈေးတွက်မတွက်နဲ.ဗျာ
ခင်ဗျားဘက်က ခံစားတတ်တဲ.နှလုံးသား နဲ.သာ လာခဲ.
ဒါ........
ကျုပ်တို.ရင်ဘတ်နဲ.ရင်းထားတဲ.
မျက်ရည်တွေ ၊ အပြုံးတွေ
ဘ၀အမောပြေလေးတွေ
ဒါ .......
ကျုပ်တို.ရင်နဲ.ရင်းထားတဲ.
အနုပညာပြခန်း
မျက်ရည်စတွေနဲ.လည်းပြုံးပြတတ်ပါတယ်ဗျ။ ။

ဝေမှူးချို

No comments:

Post a Comment